လိပ်သိုမြို့တွင် လမ်းဘေးဝဲယာ ပေါင်းမြက်ခြုံနွယ်များအား စုပေါင်းခုတ်ထွင်ရှင်းလင်းမှုများ ဆောင်ရွက်

လိပ်သို  သြဂုတ် ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် မြို့အင်္ဂါရပ်နှင့်ညီညွတ်ပြီး သာယာလှပစေရန်နှင့် မိုးတွင်းကာလတွင် လျှင်မြန်စွာကြီးထွားရှင်သန်လာသော ပေါင်းမြက်ခြုံနွယ်များကြောင့် ခြင်များခိုအောင်းပေါက်ပွားမှု‌လျှော့နည်းစေရန်ရည်ရွယ်၍ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့၏ စီစဥ်ဆောင်ရွက်မှုဖြင့် ယမန်နေ့နံနက်က ဌာနဆိုင်ရာရုံးကုန်း လမ်းဘေးဝဲယာတလျှောက်ရှိ ခြုံနွယ်များအား ခုတ်ထွင်ရှင်းလင်းမှုများစုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ကြရာတွင် မြို့စည်ပင်သာယာရေး ဦးစီးမှူးဒေါ်နော်နေဆိုးမှအနီးကပ် ကြီးကြပ်ပေးခဲ့ပြီး လိုအပ်သည်များကူညီဆောင် ရွက်ပေးကာ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာရုံးပေါင်းစုံမှ ဝန်ထမ်းများကလူအား၊ စက်အားများဖြင့် ပူးပေါင်းပါဝင် လုပ်ဆောင်ခဲ့ကြ ကြောင်းသိရသည်။

လိပ်သို(ပြန်/ဆက်)