ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)၌ မီးဘေးလုံခြုံရေး အသိပညာပေး Talk Show ဆောင်ရွက်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးလုံခြုံရေး အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်သည်။

ရေကြီးရေလျှံမှုဖြစ်ပွားရာ နေရာများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီးဆင်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားရာ မြေနိမ့်ပိုင်းနေရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘင်ခရာသင်တန်းဖွင့်ပွဲ မော်လိုက်(အထက)ကျောင်း၌ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘင်ခရာသင်တန်းဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါကျောင်းရှိ စုံညီခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့ အထိမ်းအမှတ်အကြို အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲကျင်းပ

၂၀၂၂ ခုနှစ် စက်တင်ဘာလ (၁၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံလူကုန်ကူးမှုတာဆီး ကာကွယ်ရေးနေ့အထိမ်းအမှတ်အကြို အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံး၊ ပန်းချီ၊ကာတွန်းပြိုင်ပွဲကို ယနေ့နံနက်က အထက-ဘုတ်ပြင်းကျောင်း ကျောင်းစာကြည့် တိုက်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့၌ Mask များ အခမဲ့ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ယမန်နေ့ညနေ ၃ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ လမ်းသွားလမ်းလာပြည်သူများနှင့် ကျောင်းသားကျောင်းသူများအားကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် Mask များ အခမဲ့ဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တံတားမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေး ရက်သတ္တပတ် လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက်ရည်ရွယ်၍ ကျောင်းကျန်းမာရေး ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ရှမ်းရွာသစ်မြို့၌ အသိပညာဗဟုသုတများရရှိစေရန် ကျောင်းသား/သူများ စာဖတ်စွမ်းရည် ပြိုင်ပွဲပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာ ဗဟုသုတများရရှိစေရန်အတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ် Unit Plan ဆောင်ရွက်သည့်(ဒရယ်)ကျေးရွာတွင် ကျွဲ၊ နွား၊ အကောင်ရေ (၅၁၀)အား ခွာနာ၊ လျှာနာ၊ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေး

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် မြို့နယ်အတွင်း တိရစ္ဆာန်မွေးမြူရေး ဆောင်ရွက်နေသည့် ပြည်သူများ တစ်နိုင်တစ်ပိုင် မွေးမြူထားရှိသည့် တိရစ္ဆာန်များတွင် ကူးစက်ရောဂါဖြစ်ပွားလာပါက ကူးစက်ပျံ့နှံ့မှုကို အချိန်မီထိန်းချုပ်နိုင်ရန်အတွက် Unit Plan ဆောင်ရွက်သည့် (ဒရယ်)ကျေးရွာတွင် ယနေ့ နံနက်က ကျွဲ၊ နွား အကောင်ရေ (၅၁၀)အား ခွာနာ၊လျှာနာ ရောဂါကာကွယ်ဆေးကို အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သပိတ်ကျင်းမြို့၌ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး၊ (မြို့နယ်အဆင့်) ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

 ၂၀၂၂-ခုနှစ် (၂၃)ကြိမ်မြေက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊အက၊ အရေး၊ အတီး၊ (မြို့နယ်အဆင့်)ပြိုင်ပွဲနှင့်ဆုပေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီက မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊သတ်ကျင်းမြို့ ဆိပ်ကမ်းရပ်ကွက်ရှိ "ရွှေဝါဝင်း" ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

ကျိုင်းတုံမြို့၌ ရေကြီးရေလျှံခဲ့သောနေရာများသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကလိုရင်းဆေးခပ်ခြင်းများဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မိုးရွာသွန်းမှုများခဲ့၍ ရေကြီးရေလျှံခဲ့သောနေရာများသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကလိုရင်းဆေးခပ်ခြင်းများဆောင်ရွက်ခြင်းကို
Subscribe to