ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)၌ မီးဘေးလုံခြုံရေး အသိပညာပေး Talk Show ဆောင်ရွက်

နေပြည်တော် ဩဂုတ် ၁၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးလုံခြုံရေး အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်သည်။

အသိပညာပေး Talk Show အစီအစဉ်တွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဦးဆန်းကြည်နှင့် ဒက္ခိဏသီရိမြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူး ဦးသိန်းဇော်တို့က မီးဘေးလုံခြုံရေးနှင့်ပတ်သက်၍မီးသတ်ဦးစီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ ပြည်သူများအနေဖြင့် မီးလောင်မှုဖြစ်ပွားပါက ဆောင်ရွက်ရမည့်အချက်များ၊ မီးလောင်မှုဖြစ်ပွားရခြင်း၏အကြောင်းအရင်းများ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်ရှောင်ရန်အချက်များနှင့်စပ်လျဉ်း၍ အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံးမှ ပြည်သူများအသိပညာဗဟုသုတများရရှိစေရေးအတွက် Online မှတစ်ဆင့် အသိပညာပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်နေလျက်ရှိရာ မီးဘေးလုံခြုံရေး အသိပညာပေး Talk Show ဆွေးနွေးမှုအပြည့်အစုံကို We Love Dakhina District Facebook Page တွင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)