မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့ အထိမ်းအမှတ်အကြို အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲကျင်းပ

ဘုတ်ပြင်း   ဩဂုတ်       

၂၀၂၂ ခုနှစ် စက်တင်ဘာလ (၁၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံလူကုန်ကူးမှုတာဆီး ကာကွယ်ရေးနေ့အထိမ်းအမှတ်အကြို အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံး၊ ပန်းချီ၊ကာတွန်းပြိုင်ပွဲကို ယနေ့နံနက်က အထက-ဘုတ်ပြင်းကျောင်း ကျောင်းစာကြည့် တိုက်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းတွင်းပြိုင်၌ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် လူကုန်ကူးမှုမှန်သမျှ ဝိုင်းဝန်း ပူးပေါင်းတိုက်ဖျက်ကြခေါင်းစဉ်ဖြင့် ကျောင်းသားကျောင်းသူ (၁၅) ဦး၊ ပန်းချီပြိုင်ပွဲတွင် (၁၄) ဦး၊ ကာတွန်းပြိုင်ပွဲတွင် (၁၃) ဦး၊ စုစုပေါင်း (၄၂) ဦးနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် လူကုန်ကူးမှုပပျောက်ရေး ပြည်သူအားလုံး ကူညီပေးခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၁၀)ဦး၊ ပန်းချီပြိုင်ပွဲတွင် (၈) ဦး၊ ကာတွန်းပြိုင်ပွဲတွင် (၇) ဦး၊ စုစုပေါင်း(၂၅)ဦးနှင့် မူလတန်းအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် လူကုန်ကူးမှုပပျောက်ရေးခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၇)ဦး၊ ပန်းချီပြိုင်ပွဲတွင် (၃၁) ဦး၊ ကာတွန်းပြိုင်ပွဲတွင်(၂၁)ဦး စုစုပေါင်း(၅၉)ဦး ဖြေဆိုယှဉ်ပြိုင်ကြကြောင်းသိရသည်။

ပြိုင်ပွဲသီးသီးတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို မိမိကျောင်းအစီအစဉ်ဖြင့် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း အထက-ကျောင်းအုပ်ဆရာကြီးထံမှ သိရှိရသည်။

ဘုတ်ပြင်း (ပြန်/ဆက်)