သပိတ်ကျင်း သြဂုတ် ၁၇
၂၀၂၂-ခုနှစ် (၂၃)ကြိမ်မြေက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊အက၊ အရေး၊ အတီး၊ (မြို့နယ်အဆင့်)ပြိုင်ပွဲနှင့်ဆုပေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီက မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊သတ်ကျင်းမြို့ ဆိပ်ကမ်းရပ်ကွက်ရှိ "ရွှေဝါဝင်း" ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
(၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲများကို သြဂုတ်လ( ၁၂)နေ့မှ စတင်ကျင်းပခဲ့ပြီး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားတွင်သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်း ကျောင်းသား/သူကလေးများမှ ဇာတိမာန်သီချင်းဖြင့် သီဆို့ဖွင့်လှစ်ခဲ့ကြပြီးမြိုနယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသန်းထိုက်အောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲပြုလုပ် ရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကာ သပိတ်ကျင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူကလေးများမှ အဆိုအကများဖြင့် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည်။
ထို့နောက် ဒုတိယပိုင်းအစီအစဉ်အရ သပိတ်ကျင်းမြို့နယ်မှ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲဗဟိုအဆင့် ရွှေတံဆိပ်ဆုရ မအေးသူဇော်ကဧည့်ခံဖျော်ဖြေခဲ့ပြီး အဆို၊အက ပြိုင်ပွဲတွင်ဆုရရှိသူများအား တက်ရောက်လာသည့် တာဝန်ရှိသူများမှဆုများ အသီးသီးချီးမြှင့်ပေးခဲ့သည်။
အဆိုပါ ပြိုင်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးဆောင်ရွက်ခဲ့ပြီး သပိတ်ကျင်းမြို့ နယ် အခြေခံပညာကျောင်းများမှကျာင်းသား/ သူများပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ အခြေခံပညာ အဆင့် အသက်(၅)နှစ်မှ(၁၀)နှစ်၊( ၁၀)နှစ်မှ( ၁၅)နှစ်၊( ၁၅)နှစ်မှ( ၂၀)နှစ်နှင့် ဝါသနာရှင် အဆင့်( ၂)ဦးစုစုပေါင်း( ၂၉)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်တင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသန်းထိုက်အောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ ဆပ်ကော်မတီများ၊ မြို့နယ်သဘင်အစည်းအရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အကဲဖြတ်ဒိုင်များ၊ ပြိုင်ပွဲဝင်များနှင့်မိသားစုဝင်များ၊ အနုပညာချစ်မြတ်နိုး သူများတက်ရောက်ခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)