တံတား ဩဂုတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက်ရည်ရွယ်၍ ကျောင်းကျန်းမာရေး ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကျောင်းကျန်းမာရေး ဆောင်ရွက်ပေးခြင်းကို တံတားမြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမကြီး ဦးဆောင်၍ ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား မိုးရာသီတွင် ဖြစ်ပွားတတ်သည့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့် သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားခြင်းတို့မှ ကာကွယ်ရန် နည်းလမ်းများ၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် နည်းလမ်းများကို အသိပညာပေးဟောပြောပြီးနောက် ကျောင်းသား/ကျောင်းသူများအား တစ်ကိုယ်ရေကျန်းမာရေး စစ်ဆေးခြင်း၊ သံချဆေးများ တိုက်ကျွေးပေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုးဖြူလွင်(တံတား)