ချောင်းဆုံမြို့နယ် Unit Plan ဆောင်ရွက်သည့်(ဒရယ်)ကျေးရွာတွင် ကျွဲ၊ နွား၊ အကောင်ရေ (၅၁၀)အား ခွာနာ၊ လျှာနာ၊ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေး

ချောင်းဆုံ ဩဂုတ် ၁၇

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် မြို့နယ်အတွင်း တိရစ္ဆာန်မွေးမြူရေး ဆောင်ရွက်နေသည့် ပြည်သူများ တစ်နိုင်တစ်ပိုင် မွေးမြူထားရှိသည့် တိရစ္ဆာန်များတွင် ကူးစက်ရောဂါဖြစ်ပွားလာပါက ကူးစက်ပျံ့နှံ့မှုကို အချိန်မီထိန်းချုပ်နိုင်ရန်အတွက် Unit Plan ဆောင်ရွက်သည့် (ဒရယ်)ကျေးရွာတွင် ယနေ့ နံနက်က ကျွဲ၊ နွား အကောင်ရေ (၅၁၀)အား ခွာနာ၊လျှာနာ ရောဂါကာကွယ်ဆေးကို အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို မော်လမြိုင်ခရိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေးချမ်း၊ မြို့နယ်(မွေး/ကု)ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ နွဲ့နွဲ့ရီ၊ ဒေါက်တာအေးမင်းနှင့် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများတို့က (ဒရယ်)ကျေးရွာရှိ ကျွဲ၊ နွား များအား ခွာနာ၊ လျှာနာ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့် ရောဂါအကြောင်းအရာများကို မွေးမြူရေးလုပ်ကိုင်သည့် ပြည်သူများအား အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)