၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်အတွက် ကရင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂) နှစ်အောက် ကလေးသူငယ်စုစုပေါင်း ၃၇၃၆၆ ဦးအား ငွေကျပ်သန်းပေါင်း (၁၅၈၅ ဒသမ ၆၀၅) ထောက်ပံ့

ကရင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)အောက်ကလေး သူငယ်များအား ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) လအတွက် ငွေကြေးထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ခြောက်လတာလုပ်ငန်းဆောင်ရွက်မှုအပေါ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ဆက်လက်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ ဇူလိုင်လ အထိ (၆)လတာ လုပ်ငန်းဆောင်ရွက်မှုများအပေါ် ညှိနှိုင်းအစည်းအဝေး ဒုတိယနေ့အား ယမန်နေ့ နံနက်ပိုင်းက ဆက်လက် ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာ များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

မြေပုံမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူး/ရိုးရိုးဖြင့် အောင်မြင်သော ရဲတပ်ဖွဲ့ဝင်များ၏ သား/သမီးများအား ပညာသင်ထောက်ပံ့ကြေး ဂုဏ်ပြုဆု ချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဉီးခရိုင်၊ မြေပုံမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူး/ရိုးရိုးဖြင့် အောင်မြင်သော ရဲတပ်ဖွဲ့ဝင်များ၏ သား/သမီးများအား ပညာသင်ထောက်ပံ့ကြေး ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပခြင်းကို ဩဂုတ်လ(၁၅)ရက်နေ့ ညနေ(၄)နာရီအချိန် မြေပုံမြို့မရဲစခန်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျုံပျော်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား တိုက်နယ်ပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား တိုက်နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ပြည်သူ့အားကစားကွင်း အတွင်း၌ ဩဂုတ် ၁၆ ရက် ‌ညနေ ၃ နာရီက ကျင်းပပြုလုပ်သည်။

သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာန ဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့်ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်း ညှိနှိုင်းလဝက် အစည်းအဝေးကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပ ခဲ့သည်။

မင်းလှမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း(၆၆/၆)ပုံစံများအား SoftwareProgramဖြင့် ထည့်သွင်းရိုက်ကူးခြင်းဆောင်ရွက်မှုလုပ်ငန်း (၉၅)ရာခိုင်နှုန်း ပြီးစီး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ (၆၆/၆)များ Software Programဖြင့် ထည့်သွင်းရိုက်ကူးခြင်းလုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများနှင့် စု‌ပေါင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့အထိ (၉၅)ရာခိုင်နှုန်း ပြီးစီးပြီဖြစ် ကြောင်း သိရသည်။ 

မံစီမြို့နယ်၌ ကျောင်းကျန်းမာရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပေး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မံစီ)၌ ယမန်နေ့ နံနက် ၉ နာရီက ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးပေးခဲ့ကြောင်း သိရသည်။

တောင်ငူမြို့၌ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ပြည်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေး

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးမှ ပြည်သူများ စာပေကိုလက်လှမ်း မီစွာဖတ်ရှုလေ့လာနိုင်စေရန်၊ စာဖတ်သည့်အလေ့အထများရှိလာစေရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများကြွယ်ဝလာပြီး၊ အမှန်နှင့်အမှားကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ လူငယ်လူရွယ်များအချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်၍၊ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များအား ပြည်သူများလက်ဝယ်အရောက် သွားရောက်ငှါးရမ်း ဆောင်ရွက်ပေးလျက်ရှိရာ၊ ယနေ့နံနက်ပိုင်းက ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးများသို့ သွားရောက်ငှါးရမ်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မံစီမြို့နယ်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(မံစီ) ဖုန်ကန်ဒူဝါခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူမျာအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့နယ်တွင် ကျောင်းကျန်းမာရေးရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက်မှုပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ကျောင်းသားလူငယ်တစ်ရပ်လုံးတွင် ကျန်းမာရေးနှင့်ညီညွှတ်သော လူနေမှုပုံစံများ (Healthy Life Styles) သိရှိကျင့်သုံးစွဲမြဲစေပြီး ကျန်းမာရေးအဆင့်အတန်းမြှင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ဩဂုတ်လရောက်တိုင်း သတ်မှတ်ဆောင်ရွက်လျက်ရာ သာယာဝတီခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သြဂုတ်လ ၇ ရက်မှ ၁၃ ရက်နေအထိ အခြေခံပညာကျောင်းများ၌ အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသားကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
Subscribe to