ကျိုင်းတုံ ဩဂုတ် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မိုးရွာသွန်းမှုများခဲ့၍ ရေကြီးရေလျှံခဲ့သောနေရာများသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကလိုရင်းဆေးခပ်ခြင်းများဆောင်ရွက်ခြင်းကို ဩဂုတ် ယမန်နေ့ နံနက် ၁၀ နာရီက ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်ခင်ချိုချိုထက်နှင့် ဝန်ထမ်းများက ကျိုင်းတုံမြို့၊ မှတ်(၃)ရပ်ကွက်ရှိ ဝေပုလ္လ ဘုန်းတော်ကြီးကျောင်း၊ အမှတ်(၄)ရပ်ကွက်ရှိ အထက(၅) ကျောင်းများတွင် မိုးရွာသွန်းမှုများ၍ ရေလွှမ်းခဲ့သည့် ရေတွင်း၊ ရေကန်များနှင့် အညစ်အကြေးများဝင်ရောက်သည်ဟု သံသယရှိသည့် ရေတွင်း၊ ရေကန်စသည့် ရေစုကန်နေရာများတွင် ရောဂါပိုးမွှားများသေစေနိုင်သည့် ကလိုရင်းဆေးခပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး အဆိုပါကျောင်းများမှ သံဃာတော်များနှင့် ကျောင်းသား၊ ကျောင်းသူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကျိုင်းတုံမြို့နယ်အတွင်း မိုးရွာသွန်းမှုများခဲ့၍ ရေကြီးရေလျှံခဲ့သောနေရာများသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကလိုရင်းဆေးခပ်ခြင်း များဆောင်ရွက်ခြင်းကို ကျန်းမာရေးဝန်ထမ်းများက ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)