မော်လိုက် သြဂုတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘင်ခရာသင်တန်းဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါကျောင်းရှိ စုံညီခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ဆရာ/ဆရာမများအား ဘင်ခရာတပ်ဖွဲ့မှ အလေးပြုခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးမောင်ချိုနှင့် ခရိုင်ပညာရေးမှူး ဒေါ်မာမာအေးတို့မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ယင်းနောက် မော်လိုက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းအိခိုင်မှ ဘင်ခရာသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ကျောင်းတွင်းဖွံ့ဖြိုးရေး ဘာသာရပ်များ၏ လှုပ်ရှားမှုအခန်းကဏ္ဍများကိုလည်းကောင်း၊ ဘင်ခရာသင်တန်းနည်းပြ ဆရာ ဦးဝင်းဇော်မှ သင်တန်းနှင့်ပတ်သက်၍ အခက်အခဲများနှင့် လိုအပ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘင်ခရာသင်တန်းသို့ မော်လိုက်မြို့၊ အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသား(၅၂)ဦး၊ ကျောင်းသူ(၇၃)ဦး စုစုပေါင်း(၁၂၅)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကို ကျောင်းဖွင့်ရက် ကျောင်းစာသင်ချိန်များထဲမှ ဖွံ့ဖြိုးရေးအချိန်များတွင် သင်ကြားပေးလျက်ရှိပြီး သင်တန်းကာလအနေဖြင့် ဇူလိုင်လမှ သြဂုတ်လအထိ (၂)လကြာမြင့်မည်ဖြစ်ကြောင်း ဘင်ခရာသင်တန်းတွင် ပါဝင်သင်ကြားပေးနေသည့် ဆရာမတစ်ဦးထံမှ သိရသည်။
မော်လိုက်သားလေး