ဒေးဒရဲ သြဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ယနေ့ နံနက်(၁၀)နာရီ က အမှတ်(၂)ရပ်ကွက်ရှိ မြတ်စေတနာ ဘိုးဘွားရိပ်သာသို့ သွားရောက်၍ အလှူငွေနှင့် စားသောက်ကုန်များ လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မွန်မြတ်သူစိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက မြတ်စေတနာ ဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများ အလှူငွေနှင့် ဆန်၊ ဆီများအား ဘိုးဘွားများ လက်ဝယ်အရောက် လှူဒါန်း ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက အဘိုး၊ အဘွားများအား ကျန်းမာရေးစစ်ဆေး ပေးခြင်းနှင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း