မိုင်းယုမြို့၌ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

မိုင်းယု ဩဂုတ် ၁၇

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် စက်သုံးဆီအမျိုးအစား၊ သတ်မှတ်ဈေးနှုန်းမှန်မမှန်၊ ချိန်တွယ်ရောင်းချသည့် ဂါလံပြည့်ရောင်းချမှုရှိ/မရှိနှင့် ဆီသိုလှောင်ထားရှိမှုနှင့် ဘေးအန္တရာယ်ကာကွယ်ရေးသုံးပစ္စည်းများ သတ်မှတ်ပုံစံအတိုင်း အသင့်ဆောင်ထားခြင်း ရှိ/မရှိတို့ကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

အဆိုပါ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေး၊ နယ်မြေခံစခန်းမှူး ရဲအုပ်နိုင်နိုင်ဝင်း၊ မြို့စည်ပင်သာယာရေးဌာန မြို့ဦးစီးမှူး ဦးသီဟသူ၊ မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးစိုင်းအွန်ခမ်းနှင့် တာဝန်ရှိသူများက ဒေသတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီများရောင်းချနေရာတွင် စက်သုံးဆီအမျိုးအစား၊ သတ်မှတ်ဈေးနှုန်းနှင့် ချိန်တွယ်ရောင်းချမှုမှန်ကန်စေရေး၊ ဆီထားသိုလှောင်မှုအခြေအနေများနှင့် ဘေးအန္တရာယ်ကာကွယ်ရေးသုံးပစ္စည်းများ သတ်မှတ်ပုံစံအတိုင်း အသင့်ဆောင်ထားခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင်