ပြည်ကြီးမဏ္ဍိုင် ဩဂုတ် ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်းအိုမီ ခရွန်မျိုးစိတ်သစ် BA.4 နှင့် BA.5 ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံနိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီအချိန်က ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်တွင် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA.4 နှင့် BA.5 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများလိုက်နာရမည့်အချက်များကို နှိုးဆော်ပေးရာတွင် မျိုးကွဲသစ်အိုမီခရွန် မျိုးစိတ်သစ်သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရဖူးသူများလည်း ပြန်လည်ကူးစက်နိုင်ခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံခြင်းဖြင့် ရောဂါကူးစက်မှုရောဂါပြင်းထန်မှုများကို ထိရောက်စွာလျော့ချနိုင်ခြင်းတို့ကြောင့် ကိုဗစ် ကာကွယ် ဆေးများကို ကြိမ်နှုန်းပြည့်ထိုးနှံကြရန်နှင့် ကလေးများနှင့် အသက် ၃၀ နှစ်အောက် လူငယ်များ၌ ပိုမိုကူးစက်နိုင်ခြင်းတို့ကြောင့် ပြည်သူများအနေဖြင့် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ ပြင်ပသို့ ထွက်ခွာ ပါကပါးစပ် နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သွားလာကြရန်၊ မိဘပြည်သူများအနနှင့် လူစုလူဝေး ရှောင်ခြင်း၊ လက်ကို စနစ်တကျ မကြာခဏဆေးကြောခြင်း၊ ပြင်ပမှလာသည့် ဧည့်သည်များအား လက်မခံကြရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူရန်စသည့် ဆောင်ရန်ရှောင်ရန်နည်းလမ်းများကို အသိပညာပေး တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
ကေခိုင်ဝင်း(ပြန်/ဆက်)