မိုင်းဆတ်မြို့၌ “ဝန်းကျင်သာယာလှပဖို့ ပတ်ဝန်းကျင်ကိုထိန်းသိမ်းစို့” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

မိုင်းဆတ် ဩဂုတ် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ “ဝန်းကျင်သာယာလှပဖို့ ပတ်ဝန်းကျင်ကိုထိန်းသိမ်းစို့” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းရည်ရွယ်ချက်များ၊ ဂေဟစနစ်၏အဓိပ္ပာယ်များ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု အမျိုးအစားများ၊ မှန်လုံအိမ်အာနိသင်ရှိသော ဓါတ်ငွေ့များ စသည်တို့ကို မေးမြန်းဆွေးနွေးခဲ့ရာ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇင်ပွင့်ဖြူက ဇီဝမျိုးစုံမျိုးကွဲများကို မျိုးသုဉ်းပျောက်ကွယ်မှုမဖြစ်စေရန် ထိန်းသိမ်းမှုများ၊ သက်ရှိနှင့်သက်မဲ့ အပြန်အလှန်သဟဇာတဖြစ်စဉ် ဖြစ်ပေါ်ပြောင်းလဲနေသည့် ပတ်ဝန်းကျင်အခြေအနေများ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုအမျိုးအစားများ၊ မှန်လုံအိမ်အာနိသင်ရှိသည့်ဓါတ်ငွေ့များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာနည်းလမ်းများကို ပြန်လည်ဆွေးနွေးခဲ့သည်။

အဖက်ဖက်မှ ယိုယွင်းပျက်စီးလာနေသောကမ္ဘာကြီးကို သာယာလှပပြီး ကောင်းမွန်သည့် ကမ္ဘာကြီးအဖြစ်သို့ ပြန်လည်ရောက်ရှိစေရေးအတွက် လူသားအားလုံးပါဝင်ဆောင်ရွက်ကြစေရန်၊ နောင်အနာဂတ်မျိုးဆက်သစ်များနှင့် အခြားသောဇီဝမျိုးစုံမျိုးကွဲများ ထာဝရရှင်သန်ရပ်တည်နိုင်စေရန် ပြည်သူအားလုံး မိမိတို့တတ်စွမ်းသမျှပူးပေါင်းပါဝင်ကြစေရန် စသည့်ရည်ရွယ်ချက်များဖြင့် အသိပညာပေး TalkShow ဆွေးနွေးပွဲကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)