လသာ ဩဂုတ် ၁၇
လသာမြို့နယ်တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲနှင့်ပတ်သက်၍ ယနေ့ နံနက် (၁ဝ:၁ဝ) အချိန်က လသာမြို့နယ်၊ အမှတ်(၁ဝ)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ မြညီလာခန်းမအတွင်း၌ ၂၀၂၂ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာ အဆင့်၊ အဆို(ခေတ်ဟောင်း/ ကာလပေါ်) ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး၊ ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇော်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မူမူလွင်၊ ဦးစီးအရာရှိ ဒေါ်လေးလေးခိုင်၊ အနောက်ပိုင်းခရိုင် ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်အေးအေးဝင်း၊ လသာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ဆန်းထွန်းအောင်၊ အဖွဲ့ဝင် (၂) ဦးနန်းညွန့်ဝင်းမော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး အောင်အောင်၊ (လဝက) ဦးစီးမှူး ဦးတင်ထူး၊ မြို့နယ်ပညာရေးမှူး ဒေါ်နော်ဖောဇာ၊ အထက (၂) ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ သန်းသန်းစိန်နှင့် ဆရာ/ဆရာမ များ၊ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူ များ၊ စုစုပေါင်း (၈၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။ ၂၀၂၂ခုနှစ် ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာအဆင့်၊ အဆို (ခေတ်ဟောင်း/ ကာလပေါ်) ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်(၃၄)ဦးမှ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
နီနီအောင်