ဟုမ္မလင်း ဩဂုတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင် စက်သုံးဆီများ သတ်မှတ်ဈေးနှူန်းအတိုင်း ရောင်းချစေရေးနှင့် စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းအချိန်တွင် မိုးသောက်ပန်းဆီဆိုင်နှင့် ချင်းတွင်းမြင့် ဆီဆိုင်တို့အား လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီအနေဖြင့် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်စစ်ဆေးရေးကော်မတီမှတစ်ဆင့် ပြည်သူများ စက်သုံးဆီဈေးနှုန်း မှန်ကန်စွာ သုံးစွဲနိုင်ရေးနှင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် ပြည်သူများ စိုးရိမ်းကြောင့်ကြမှုကင်းစွာ သုံးစွဲနိုင်ရန်၊ စက်သုံးဆီများ စဉ်ဆက် မပြတ် ဖြည့်တင်းစေရန် ရည်ရွယ်၍ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းအဖွဲ့တွင် ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးရဲဝင်း၊ ဟုမ္မလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)