မာန်အောင်မြို့ ရန်အောင်မြင်ဘုရားကွင်း၌ အထူးစျေးရောင်းပွဲတော် ကျင်းပ

မာန်အောင် သြဂုတ် ၁၇

ရခိုင်ပြည်နယ် မာန်အောင်မြို့ ရန်အောင်မြင်ဘုရားကွင်း၌ ငွေဇလပ်ကုမ္ပဏီလီမီတက်မှကြီးမှူး၍ အထူးစျေးရောင်းပွဲတော်ကို ယမန်နေ့မှ ၂၂ရက်နေ့ထိ နေ့စဉ် နံနက်၉နာရီမှ ည၉နာရီထိ ရောင်းချပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် အဝတ်အထည်များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ အိမ်အသုံးအဆောင်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ မုန့်နှင့်အစားအစာများ၊ ပစ္စည်းကံစမ်းမဲဖေါက်ခြင်းများ၊ ကလေးကစားစရာများစသည့် ပစ္စည်းများ ရောင်းချပေးလျက်ရှိရာ စျေးဝယ်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)