ဝေါ သြဂုတ် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ အင်းလုပ်ငန်းရာသီနှစ်အတွက် (စတုတ္ထ) အကြိမ် ဂရန်အင်းများ လေလံတင် ရောင်းချခြင်းနှင့် တင်ဒါချက်များ အိတ်ဖွင့်တင်ဒါရောင်းချခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီတွင် မြို့ငါးလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာမှ တိုင်းဦးစီးမှူး ဦးဇော်လွင်ဝင်းက အင်း/တင်ဒါချက်များ လေလံတင်ရောင်းချခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပဲခူးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မြင့်နိုင်က အင်း/တင်ဒါချက်များ၏ လေလံတင်ရောင်းချခြင်းဆိုင်ရာ စည်းကမ်းချက် များကို ရှင်းလင်းပြောကြားပြီးနောက် အင်း/တင်ဒါချက်(၃၄) ချက်အား လေလံတင်ရောင်းချ ပေးသွားမည်ဖြင့်ကြောင်း သိရသည်။
အခမ်းအနားကို ပဲခူးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးနိုင်နှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ ရေလုပ်သားကြီးများ တက်ရောက်ခဲ့ကြပြီး နံနက်(၁၁)နာရီတွင် အခမ်းအနား အောင်မြင်စွာပြီး မြောက်ကြောင်း သိရသည်။
အောင်မြတ်လင်း ( ပြန်/ဆက်)