ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရေတာရှည်တပ်နယ်အတွင်း တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ပွဲ တက်ရောက်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့်် အဖွဲ့သည် ယနေ့နံနက်ပိုင်း က အမှတ် (၅) စစ်အခြခံလေ့ကျင့်ရေးတပ်၊ တပ်နယ်ခန်းမတွင် ကျင်းပပြုလုပ်သည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ရုပ်ရှင်ရုံများ ဖွင့်လှစ်အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်အတွင်း ရုပ်ရှင်ရုံများ ဖွင့်လှစ်အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ရုပ်ရှင်ရုံလုပ်ငန်း လုပ်ကိုင်နေသူများနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယနေ့နေ့လယ် ၂ နာရီက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ် ညောင်ပင်ဝိုင်းကျေးရွာတွင် ( VRFP ) စီမံကိန်းရန်ပုံငွေ ကွင်းဆင်းထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ညောင်ပင်ဝိုင်းကျေးရွာတွင် ကျေးရွာနေပြည်သူများ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်လုပ်ကိုင်နိုင်ရေးအတွက် ဩဂုတ် ၁၈ ရက်၊ ယနေ့နံနက် ၉ နာရီက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ( VRFP ) စီမံကိန်းချေးငွေများ ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မော်လိုက်(အထက)ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းကောင်စီဥက္ကဋ္ဌဖလား အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက မော်လိုက်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

ထန်းတပင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ကလေးငယ်များအား အသိပညာဗဟုသုတ ရရှိစေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀နာရီအချိန် က အခြေခံပညာ(မူလွန်) သခင်မြကျောင်းသို့ သွားရောက်၍ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ကျောက်တံတားမြို့နယ်တွင် ဌာနဆိုင်ရာများပူး‌ပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၂)နာရီက ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကွမ်းလုံမြို့၌ ဓမ္မစာရီကျောင်းဆောင်သစ် ရေစက်ချ အလှူမင်္ဂလာအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ဓမ္မစာရီကျောင်းဆောင်သစ် ရေစက်ချ အလှူမင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က သာသနာ့အလင်းရောင်(တံတားဦး) ကျောင်းတိုက်တွင်ကျင်းပပြုလုပ်ရာ ကွမ်းလုံအခြေချစစ်ဗျူဟာအဖွဲ့ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မြင့်ဇော်၊ ဒေါက်တာမျိုးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ

အိမ်မဲမြို့နယ် ရွှေအိမ်ရတနာဘိုးဘွားရိပ်သာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သွားရောက် လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရွှေအိမ်ရတနာ ဘိုးဘွားရိပ်သာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယနေ့နံနက် (၁၀) နာရီတွင် သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

နမ့်ဆန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် နိုင်ငံစီးပွားမြင့်တင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နိုင်ရန် နိုင်ငံတော်မှ ရန်ပုံငွေခွင့်ပြုချထားပေး

နမ့်ဆန်မြို့နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် နိုင်ငံစီးပွားတိုးတက်မြင့်တင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နိုင်ရန် နိုင်ငံတော်မှ ကျပ်သိန်းပေါင်း(၅၀၀၀၀/) (ကျပ်သိန်းပေါင်းငါးသောင်းတိတိ) ခွင့်ပြုချထားပေးပြီး နမ့်ဆန်-မန်တုံမှ တောင်သူများ အဆင်ပြေစေရန် ရည်ရွယ်၍ ညှိနှိုင်းအစည်းအဝေးကို ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် (၉)နာရီအချိန်က ပြုလုပ်ခဲ့သည်။

ဗန်းမော်မြို့နယ်၌ ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အမှတ်(၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(ဗန်းမော်)မှ ဦးဆောင်၍ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ် ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် ၁၂ နာရီခွဲက ဗန်းမော်မြို့ သာစည် ရပ်ကွက်ရှိ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရ သည်။
Subscribe to