ကဝမြို့နယ်၌ ၂၀၂၂-၂၀၂၂ ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက် (စတုတ္ထ)အကြိမ် ဂရန်အင်းများနှင့် တင်ဒါပိုက်ချက်များ ကြမ်းခင်း‌ဈေး ပြင်ဆင်ရောင်းချခြင်း အခမ်းအနားကျင်းပ

ကဝ ဩဂုတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက် (စတုတ္ထ)အကြိမ် ဂရန်အင်းများနှင့် တင်ဒါပိုက်ချက်များ ကြမ်းခင်းဈေးပြင်ဆင်ရောင်းချခြင်း အခမ်းအနားကို ယမန်နေ့က ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဦးအုန်းကျော်က အမှာစကားပြောကြားပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်က အင်း/တင်ဒါ ချက်များ လေလံတင်ရောင်းချခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူး(ကိုယ်စား) ဦးထွန်းလင်းက အင်း/တင်ဒါ ချက်များ၏ လေလံတင်ရောင်းချခြင်းဆိုင်ရာ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အင်း/တင်ဒါ လေလံတင်ရောင်းချရေး ကြီးကြပ်ရေးအဖွဲ့ဝင်များက ဂရန်အင်းများနှင့် တင်ဒါပိုက်ချက်များ ကြမ်းခင်းဈေး ပြင်ဆင်ရောင်းချကြရာ ဂရန်အင်း(၁)အင်းနှင့် တင်ဒါပိုက်ချက်(၄)ချက်တို့အား အင်းသားကြီးများထံ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)