ပုလောမြို့နယ်တွင်  စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းကြီးကြပ်စစ်ဆေး

ပုလော   ဩဂုတ်    

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင်  စက်သုံးဆီအရောင်းဆိုင်များ တားဆီးစစ်ဆေးရေးအဖွဲ့က ယမန်နေ့မွန်းလွဲ (၂) နာရီခွဲအချိန်တွင် မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းကြီးကြပ်စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြီးကြပ်စစ်ဆေးရာတွင် ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်မင်းစိုး ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီ အရောင်းဆိုင် များအား ကွင်းဆင်းကြီးကြပ် စစ်ဆေးခဲ့ကြောင်း၊ စက်သုံးဆီများ ရောင်းချမှုရပ်တန့်မှုမရှိစေရေး၊ အကန့်အသတ်ဖြင့်ရောင်းချမှု မရှိစေရေး၊ သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချ နိုင်ရေး၊ ဈေးနှုန်းများ မြှင့်တင်ရောင်းချပါက အပြစ်ပေးအရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် စက်သုံးဆီပြတ်လပ်မှု မရှိစေရေးကို ဆွေးနွေးခဲ့ကြောင်းသိရသည်၊၊

ပုလောမြို့နယ်တွင် ဓာတ်ဆီများ ရောင်းချရာတွင် သတ်မှတ်စျေးနှုန်းများဖြစ်သည့် ဓာတ်ဆီ(၁) လီတာ ၂၇၀၀ ကျပ် ၊ ဒီဇယ်(၁)လီတာ ၂၉၇၅ ကျပ်၊ ပရီမီယံ (၁)လီတာ ၃၀၀၀ ကျပ်ထက် ပိုမိုရောင်းချခြင်းမပြုရန်နှင့် သိုလှောင်ထားခြင်းမျိုး မပြုလုပ်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်

အေးအေးမော်(ပုလော)