တနင်္သာရီ ဩဂုတ်လ ၁၇
တနင်္သာရီတိုင်းဒေသကြီ၊ တနင်္သာရီမြို့နယ်၊ မောတောင်မြို့၊ မြို့မရပ်ကွက်ရှိ အထက-(ခွဲ) မောတောင်ကျောင်းအား အထက မောတောင်ကျောင်းအဖြစ်သို့လည်းကောင်း၊ ချောင်းလမု ကျေးရွာအုပ်စု-ချောင်းလမုကျေးရွာရှိ ယခင် အလက-ချောင်းလမုကျောင်းကို အထက(ခွဲ) ချောင်းလမုအဖြစ်သို့လည်းကောင်း၊၂၀၂၂-ခု နှစ်၊ သြဂုတ်(၁၆)ရက်နေ့မှစတင်၍ အဆင့်တိုး မြှင့်ဖွင့်လှစ်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
တနင်္သာရီမြို့နယ်တွင် ယခင်က အထက်တန်ကျောင်း (၁၄) ကျောင်း၊ အလယ်တန်းကျောင်း (၃၉) ကျောင်းနှင့် မူလတန်း (၈၈) ကျောင်း၊ စုစုပေါင်း(၁၄၁)ကျောင်းရှိခဲ့ရာမှ ယခုလက်ရှိတွင် အထက်တန်းကျောင်း (၁၅) ကျောင်း၊ အလယ်တန်းကျောင်း (၃၈) ကျောင်းနှင့် မူလတန်ကျောင်း (၈၈) ကျောင်း၊ အားလုံးပေါင်း (၁၄၁) ကျောင်းဖြစ်ကြောင်း မြို့နယ်ပ ညာရေးမှူးရုံးမှ သိရှိရသည်။
နန်းသာရီ~ထိန်ဝင်း(ပြန်ဆက်)