ဧရာဝတီတိုင်းဒေသကြီး ဆီလုပ်ငန်းရှင်အသင်းနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူပေါင်း၍ စားသုံးဆီများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိ

ဒေသတွင်း စားသုံးဆီဖူလုံစေရေး ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် စားသုံးဆီအရောင်းစျေးကားကို ပုသိမ်မြို့ပေါ်ရပ်ကွက်များအတွင်း စားသုံးသူရေးရာ ဦးစီးဌာနနှင့် ပေါင်းစပ်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မအူပင်မြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ သည်။

ဝါးခယ်မမြို့ အ.ထ.က(၂)ကျောင်း၌ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ပြသ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အ.ထ.က(၂)ကျောင်း၌ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နေ့လယ် ၁၂ နာရီအချိန်တွင် ပြသခဲ့ကြောင်းသိရသည်။

ပွင့်ဖြူမြို့နယ်၌ ကူးတို့လုပ်ငန်းလုပ်ကိုင်ကြသူများ မိုးတွင်းကာလ အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေး ကွင်းဆင်း အသိပညာပေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ယခု ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လေလံစနစ်ဖြင့် လုပ်ငန်းလိုင်စင်ခွင့်ပြုချထားပေးထားသည့် ကူးတို့လုပ်ငန်းလုပ်ကိုင်ကြသူများ ကူးတို့လိုင်စင်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ လုပ်ကိုင်နိုင်ရန်နှင့် မိုးတွင်းကာလ အန္တရာယ်ကင်းစွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က မုန်းချောင်းဆိပ်ရှိ ကူးတို့လုပ်ငန်းရှင်များအား ကွင်းဆင်းအသိပညာပေးခဲ့ကြောင်း သိရသည်။

ဟိုပန်မြို့နယ်တွင် သန့်ရှင်းသာယာလှပစေရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ စည်ပင်သာယာရေးဌာနမှ မြို့အတွင်းသန့်ရှင်းသာယာ လှပစေရေးအတွက် သန့်ရှင်းရေး လုပ်ငန်းများအား အထူးအလေးထား စဉ်ဆက်မပြတ်ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင်များအား မြေပြင်ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား ယနေ့  နံနက် ၁၀ နာရီအချိန်   မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ပွင့်ဖြူမြို့နယ် ရှစ်ခန်းတွဲ(၅)ထပ် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာတွင် လျှပ်စစ်ဓာတ်အားရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှု ၉၀ ရာခိုင်နှုန်းခန့် ပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ ဈေးနှုန်းသက်သာစွာဖြင့် ငှားရမ်းနေထိုင်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ရှစ်ခန်းတွဲ(၅)ထပ် နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာအဆောက်အအုံသစ် အကောင်အထည်ဖော် တည်ဆောက်လျက်ရှိရာ အဆိုပါ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာအတွက် လျှပ်စစ်ဓာတ်အားရရှိရေးလုပ်ငန်းကို မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ယူ ဆောင်ရွက်နေပြီး ယခုအခါ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးတင့်ဇော်ထံက သိရသည်။

ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေး ဟောပြောပွဲကျင်းပ

ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဝန်ထမ်းများက အလကချည်မျှင်ကျောင်းတွင် ယနေ့ နံနက်ပိုင်းက စာဖတ်ရှိန်မြင့်မားရေး လှုပ်ရှားမှုအဖြစ် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့သည်။
Subscribe to