ပေါက်တောမြို့ရှိ မုန်တိုင်းအန္တရာယ် သတိပေးချက်များ လှည့်လည်ကြေညာ
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းအန္တရာယ် သတိပေးချက်များအား လှည့်လည်ကြေညာခြင်းကို ယနေ့ နံနက် ၁၁နာရီက မြို့ပေါ်ရပ်ကွက်များနှင့် ရွှေပြည်တန်အမြန်ယာဉ်ဆိပ်၊ ဘုတ်ဆိပ်များတွင် လှည့်လည်ကြေညာကြသည်။