ညောင်လေးပင် သြဂုတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်အတွင်း စက်သုံးဆီရောင်းချနေသော ဆိုင်များအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီဆိုင် ဖွင့်/မဖွင့်၊ စျေးနှုန်း၊ စျေးကွက်၊ ဆီလက်ကျန်နှင့် အခြင်အတွယ်မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခဲ့ကြ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)