မြောင်းမြ သြဂုတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) လများအတွက် MCCT အစီအစဉ်ဖြင့် ထောက်ပံ့ခြင်းများကို သြဂုတ်လ ၁၆ ရက် နေ့မှစ၍ မြောင်းမြမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ MCCT တာဝန်ခံများ၊ ရပ်/ကျေးစာရေးများမှ တစ်ဆင့် လက်ဝယ်ထောက်ပံ့ပေးလျက်ရှိကြောင်း သိရ သည်။
ထိုသို့ထောက်ပံရာတွင် ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် စာရင်းကောက်ယူရာ၌ အကျိုးခံစားသူ စာရင်း သွင်းထားသော သူများအနက် မြောင်းမြမြို့နယ်မှ ယခင်က အကျိုးခံစားခွင့်ရရှိပြီးသော ကလေး (၆၅၅၈)ဦးတွင် (၅/၂၀၂၀) မွေးဖွားသောကလေး (၃၄၇)ဦးသည် တစ်ဦးလျှင် ၁၅၀၀၀/-ကျပ်၊ (၆/၂၀၂၀) မွေးဖွားသောကလေး (၃၆၃)ဦး သည် တစ်ဦးလျှင် ၃၀၀၀၀/-ကျပ်၊ (၇/၂၀၂၀)နှင့် အထက် မွေးဖွားသောကလေး (၅၈၄၈)ဦးသည် တစ်ဦးလျှင် ၄၅၀၀၀/-ကျပ်၊ စာရင်းအသစ် သွင်းထားသော ကိုယ်ဝန်ဆောင်မိခင် (၂၅၇၃)ဦးအနက် ကိုယ်ဝန် (၂) လရှိသော ကိုယ်ဝန် ဆောင်မိခင် (၁၅၅)ဦးသည် တစ်ဦးလျှင် ၃၀၀၀၀/-ကျပ်၊ ကိုယ်ဝန် (၃) လနှင့်အထက်ရှိသော ကိုယ်ဝန်ဆောင်မိခင် (၂၄၁၈)ဦးသည် တစ်ဦးလျှင် ၄၅၀၀၀/- ကျပ်၊ စုစုပေါင်း MCCT အကျိုးခံစားခွင့်ရရှိသူ (၉၁၃၁) ဦးအားထောက်ပံ့ငွေ ၃၉၂၇၁၅၀၀၀/- (ကျပ်သုံးထောင်ကိုးရာနှစ်ဆယ် ခုနှစ်သိန်းတစ်သောင်း ငါးထောင်တိတိ)ကို ထောက်ပံ့ပေးလျက်ရှိသည်။
အဆိုပါ ထောက်ပံမှုများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက မြောင်းမြခရိုင် လူမှုဝန်ထမ်းရုံး၊ သီရိမင်္ဂလာ လမ်း၊ အမှတ် (၈) ရပ်ကွက်၊ မြောင်းမြမြို့၊ ဖုန်း-၀၄၂-၇၀၅၆၃ သို့ မေးမြန်းစုံစမ်းနိုင်ကြောင်း သိရသည်။
မြောင်းမြခရိုင် (ပြန်/ဆက်)