ညောင်တုန်း ဩဂုတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ လက်ပန်ချောင်းကျေးရွာတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေတိုက်ခတ်မှုကြောင့် လူနေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး လေတိုက်ခတ်မှုကြောင့် နေအိမ်အနီးရှိ ကုက္ကိုပင် လဲကျပိမိ၍ အလျား (၂၂)ပေ၊ အနံ(၁၅)ရှိ ဓနိမိုး၊ ထရံကာ၊ ပြင်ခင်း လူနေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ပြီး သစ်ပင်လဲကျမှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရ သေဆုံးမှုမရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
မြို့နယ်(ပြန်ဆက်)