ကော့ကရိတ်မြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လူနေအိမ်များသို့ရေများဝင်ရောက်လျက်ရှိ

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကော့ကရိတ်မြို့၌ သြဂုတ်(၁၃)ရက်နေ့မှစ၍ မိုးအဆက်မပြတ်ရွာသွန်းကာ ဟောင်သရောမြစ်ရေ၊ ဂျိုင်းမြစ်ရေလျှံမှုကြောင့် ကော့ကရိတ်မြို့၊ ကျုံဒိုးမြို့ပေါ် ရပ်ကွက်များရှိ မြေနိမ့်အပိုင်းတို့တွင် ရေများဝင်ရောက်လျက်ရှိသည်။

ကျွန်းစုမြို့တွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနပိုင် အိမ်ခန်းအငှား‌ချထားပေးရေး အစည်းအဝေး ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနပိုင် အိမ်ခန်းအငှား‌ချထားပေးရေး အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်ကျွန်း ရတနာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့နယ်တွင် (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး (အခြေခံပညာအဆင့် အရေး) ပြိုင်ပွဲ ပြုလုပ်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ဒဂုံမြို့နယ်တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများအနက်မှ အရေးပြိုင်ပွဲအား ယနေ့နံနက် (၁၀:၀ဝ) နာရီအချိန်က ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်းရှိ အမှတ် (၂) အခြေခံပညာအထက် တန်းကျောင်းတွင် ၂၀၂၂ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာအဆင့်၊ အရေးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေသခံတိုင်းရင်းသားများအတွက် ဖွင့်လှစ်သင်ကြားပေးခဲ့သော အထည်ပန်းပုံရိုက် နှင့် ဆေးရေးပညာသင်တန်းဆင်းပွဲသို့ တက်ရောက်အားပေးချီးမြှင့်

တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီး ဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်း၍ ဒေသခံတိုင်းရင်းသား/ တိုင်းရင်းသူများ အတွက် အသက်မွေးဝမ်းကျောင်းနည်းပညာများ သင်ယူ နိုင်ခွင့်ရရှိရေး ဖွင့်လှစ်သင်ကြားပေးခဲ့သော အထည် ပန်းပုံရိုက်နှင့် ဆေးရေးပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး လေ့ကျင့်ပျိုးထောင်ရေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကော့သောင်းနယ်စပ်ဂိတ်မှပြန်လည်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိ

နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်းအကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီး ပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၂၂ ဦး၊ အမျိုးသမီး ၅၀ ဦး၊ စုစုပေါင်းအလုပ်သမား ၁၇၂ ဦး ယမန်နေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံကော့သောင်းမြို့၊တာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လာရောက်လွှဲပြောင်း ပေးအပ်ခဲ့ကြကြောင်းသိရသည်။

လေးမျက်နှာမြို့နယ် သံသရာငြိမ်းအေး စတုမုခဇေယျသိဒ္ဓိ စေတီတော်ဝန်းအတွင်းရှိ သာသနာ့ ဗိမ္မာန်တော်တွင် ကျင်းပပြုလုပ်သော (၇)ရက်တရားစခန်းရှိ အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် သံသရာငြိမ်းအေး စတုမုခဇေယျသိဒ္ဓိ စေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမ္မာန်တော်တွင် ကျင်းပပြုလုပ်သော(၇)ရက် တရားစခန်းရှိ ယောဂီ (၁၀၄) ဦးအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စုစုလှိုင် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲရင့်နောင်နှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုအားပေးခဲ့သည်။

တောင်တွင်းကြီးမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) စီမံကိန်းအကြောင်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့က တောင်တွင်းကြီးမြို့နယ် ရွာမနားကျေးရွာ၊ ပင်တိုင်ကျေးရွာနှင့် ပျဉ်းမကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးညိုမြို့နယ်တွင် ဂရန်အင်းနှင့်တင်ဒါချက်များအား (စတုတ္ထ)အကြိမ် လေလံတင်ရောင်းချ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ငါးလုပ်းငန်းဦးစီးဌာနမှ ၂၀၂၂ -၂၀၂၃ ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက် (စတုတ္ထ)အကြိမ် ဂရန်အင်းများနှင့် တင်ဒါချက်များအား ကြမ်းခင်းဈေးဖြင့် ပြင်ဆင်ရောင်းချခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ရွှေဥဒေါင်းရပ်ကွက် ရှိမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ကျောင်းကျန်းမာရေး သီတင်းပတ်အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများ ယှဉ်ပြိုင်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး ရက်သတ္တပတ်များ လှုပ်ရှားမှု အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများ ယှဉ်ပြိုင်ခြင်းကို ယ‌မန်နေ့ နံနက် ၉ နာရီအချိန် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ဓညဝတီဆောင်တွင် ကျင်းပပြုလုပ်ရာ  မြို့နယ်ပညာရေးမှူး၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများ လှည့်လည် ကြည့်ရှု အားပေးခဲ့ကြသည်။

ကြို့ပင်ကောက်မြို့နယ်တွင် အနာဂတ်သားကောင်းရတနာလေးများ အသိဉာဏ်ဗဟုသုတ တိုးတက်လာစေရန် အသိပညာပေး လုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် အနာဂတ်သားကောင်းရတနာလေးများ အသိဉာဏ်ဗဟုသုတများ တိုးတက်လာစေရန် အသိပညာပေးလုပ်ငန်းများကို ဘုကြီးကျေးရွာ အမကကျောင်းတွင် ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
Subscribe to