ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။

မိတ္ထီလာ၌ မြို့နယ်အဆင့် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ၌ မြို့နယ်အဆင့် (၂၃)ကြိမ်မြေက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက သီရိမင်္ဂလာရပ်ကွက်တွင်ရှိသော အောင်မင်္လာခန်းမ၌ ကျင်းပသည်။

ကလိန်အောင်မြို့ရှိ ဥယျာဉ်ခြံများတွင် ဝဥများကို သီးညှပ်သီးနှံအဖြစ် စိုက်ပျိုးလာ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စိုက်ပျိုးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိသောဒေသဖြစ်၍ မြို့နှင့် ပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် ဝဥများကို ကြားသီးနှံအဖြစ် ဥယျာဉ်ခြံများနဲ့ ရော်ဘာခြံများတွင် စိုက်ပျိုးလာကြကြောင်း တောင်သူများထံမှ သိရသည်။

တောင်ဥက္ကလာပမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ‌ရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်းအား ဖြင့်တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင်ဗဟုသုတ များကိုအသုံးချ၍ တန်ဖိုးရှိသောလူမှု့ဘဝများဖြစ်လာစေရန်၊ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယနေ့ နံနက်( ၁ဝ) နာရီက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။

မရမ်းကုန်းမြို့နယ်အတွင်း ရေဝင်​ရောက်မှုများ​သော ​ရပ်ကွက်များရှိ ပြည်သူများအား စားသောက်ဖွယ်ရာများ သွား​ရောက်​ထောက်ပံ့

မိုးအဆက်မပြတ်ရွာသွန်းမှု​ကြောင့် ရန်ကုန်တိုင်း​ဒေသကြီး​အတွင်း နေရာအချို့တွင်​ ရေဝင်​ရောက်မှုများဖြစ်​ပေါ်ရာ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အတွင်း ​ရေဝင်​ရောက်မှုများ​​သော ရပ်ကွက်များရှိ ပြည်သူများသို့ စာ​သောက်ဖွယ်ရာများ​ ထောက်ပံ့ခြင်းကို ယမန်နေ့ ည​နေ ၄ နာရီအချိန်၌ မရမ်းကုန်းမြို့နယ် ကြက်​ခြေနီတပ်ဖွဲ့ခွဲနှင့် မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့များက ဆောင်ရွက်ခဲ့ကြ​သည်။

မိတ္ထီလာမြို့နယ်၌ စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာ လှည့်လည်ရောင်းချ

မိတ္ထီလာမြို့နယ်၌ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဒေသခံပြည်သူများထံသို့ စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

မိုင်းစံမြို့ခလရ(၁၅၀)ခြေလျင်တပ်ရင်း၌ တတိယကြိမ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းစံမြို့ခလရ (၁၅၀) ခြေလျင်တပ်ရင်းမှ ဗိုလ်မှူးလှမင်းစိုးက ဦးဆောင်၍ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၈)နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ပါသည်။

ဒဂုံမြို့နယ် အမှတ်(၁)အ​ခြေခံပညာ အလယ်တန်း​ကျောင်းတွင် ပုံပြင်​ပြောပြိုင်ပွဲ ကျင်းပပြုလုပ်

ရန်ကုန်တိုင်း​ဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်အမှတ်(၁) အ​ခြေခံပညာအလယ်တန်း​ကျောင်းတွင် ယ​မန်နေ့ နံနက် ၁၀ နာရီက ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် အ​ခြေခံပညာ​ဦးစီးဌာနတို့ ပူး​ပေါင်း၍ ပုံပြင်​ပြောပြိုင်ပွဲကျင်းပပြုလုပ်ခဲ့သည်။

မိုင်းယန်းမြို့၌ ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်စာစောင်၊ ဓါတ်ပုံနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ကျောင်းသား/ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ရှိပြီး စာပေနှင့်ပိုမိုရင်းနှီးကျွမ်းဝင်လာစေရန်၊ စာပေမှရရှိသော အသိပညာဗဟုသုတများစွာ တိုးပွားလာစေရန်၊ ရဲဝင့်စွာ ပြောဆိုတတ်စေရန်နှင့် ဖတ်မှတ်စွမ်းရည်မြှင့်မားလာစေရန်အတွက် ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်စာစောင်၊ ဓါတ်ပုံနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပကြောင်း သိရသည်။
Subscribe to