သာပေါင်း ဩဂုတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။
ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ကျော်သိန်း၊ အဖွဲ့ဝင်(၂) ဦးကျော်တိုးတို့မှ ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ (၆)လတာ လုပ်ငန်းဆောင်ရွက်မှု ညှိနှိုင်းအစည်းအဝေး လမ်းညွှန်မှာကြားချက်များအား လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ရေး၊ လုံခြုံရေးအမြဲမပြတ် အလေးထားဆောင်ရွက်ရန်၊ အိမ်ထောင်စုစာရင်းပုံစံ ၆၆/၆၊ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးရေး ကွင်းဆင်းအဖွဲ့များ ပူးပေါင်း ဆောင်ရွက်ပြီး စာရင်းဇယားမှန်ကန်ရေး၊ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန်၊ ကာကွယ်ဆေး စတုတ္ထအကြိမ် ထိုးနှံရေး ပူးပေါင်းဆောင်ရွက်ရန်၊ ပညာရေးအနေဖြင့် ကြိုတင်စီမံဆောင်ရွက် ထားရှိရန်၊ စိုက်တိုးမြင့် ကော်မတီဝင်များအနေဖြင့် စိုက်ဧကပြည့်မီရေး၊ အထွက်နှုန်းတိုးရေး ကွင်းဆင်းဆောင်ရွက်ရန်၊ ရုံးဌာနများ အဝင်အထွက်စာရင်း မှတ်ပုံတင်ဖြင့် လုံခြုံရေးသတိနှင့် ဆောင်ရွက်ထားရန်တို့ကို ဆွေးနွေးမှာကြားပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် ဌာနဆိုင်ရာများက ပြန်လည်ဆွေးနွေးတင်ပြမှုများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း