ဘောဂလိမြို့တွင် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် လူငယ်များအနေဖြင့် စာဖတ်သည့် အလေ့အကျင့်များ ရရှိလာစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ (Book Club အသင်း)တို့ ပူးပေါင်း၍ စာရေးဆရာ ခင်မောင်အေး ရေးသားသည့် “လူရယ်လို့ဖြစ်လာလျှင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက ဘောဂလိမြို့ ပြည်သူ့စာကြည့်တိုက်၌ ဆောင်ရွက်ခဲ့သည်။

မဟာအောင်မြေမြို့နယ်၊ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက်(၁၁)နာရီက ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ခဲ့သည်။

လားရှိုးမြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအခမ်းအနား ပြုလုပ်

၂၀၂၂ - ၂၀၂၃ ခု- ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အခမ်းအနားကို လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်သည်။

တံတားဦးမြို့နယ်တွင် ယာဉ်စည်းကမ်း/လမ်းစည်းကမ်းထိန်းသိမ်းရေး ကွင်းဆင်းစစ်ဆေး

တံတားဦးမြို့ခရိုင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်တာဝန်ရှိသူများသည် ယနေ့နံနက် ပိုင်းက တံတားဦးမြို့ အမှတ်(၂)ရပ်ကွက် ဆုံကုန်းရပ်ရှိ တံတားဦးမြို့အဝင် BOC ဂိတ်အနီးတွင် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ကြကြောင်း သိရသည်။

အင်္ဂပူမြို့နယ်ဦးတင်ဦး ဘိုးဘွားရိပ်သာ၌ အဘိုးအဘွားများအား ကျန်းမာရေး ဆောင်ရွက်ခြင်းနှင့် အာဟာရကျွေးမွေးလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ဦးတင်ဦး ဘိုးဘွားရိပ်သာ၌ ယနေ့ နံနက်က အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ခြင်း၊ အာဟာရကျွေးမွေး လှူဒါန်းခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ‌ရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူ များ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်းအား ဖြင့်တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင်ဗဟုသုတ များကိုအသုံးချ၍ တန်ဖိုးရှိသောလူမှု့ဘဝများဖြစ်လာစေရန်၊ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယနေ့ နံနက်(၁ဝ) နာရီက ပြည်သူ့ စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။

ရမည်းသင်ခရိုင်တွင် ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အမှတ်(၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(မိတ္ထီလာ)မှ ဦးဆောင်၍ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီက ရမည်းသင်းမြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကရသူရိမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား/သူများ ပုံပြောပြိုင်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား/သူများအား ပုံပြောပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့ ညနေ(၃)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ကျချောင်းရေကြောင့် ပုသိမ်-ချောင်းသာကားလမ်း ရေ(၁)ပေ ကျော်ခန့်မြင့်တက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်-ချောင်းသာ ကားလမ်းမကြီးပေါ်ရှိ ချောင်းသာမြို့ အနီး မိုင်တိုင် ၂၆ နှင့် ၂၅ မိုင် ၇ ဖာလုံကြား ကားလမ်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက မိုးရွာသွန်းမှုများပြားပြီး တောင်ကျရေ ကျဆင်းမှုကြောင့် ကားလမ်းမပေါ် ရေ (၁)​ပေကျော်ခန့် မြင့်တက်ခဲ့ ကြောင်း သိရသည်။

မြစ်သားမြို့နယ်၌ စာဖတ်ရှိန်မြင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြို့မအရှေ့ရပ်ကွက်ရှိ ကျီတော်ကုန်းကျောင်း၌ စာဖတ်ရှိန်မြင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
Subscribe to