ညောင်လေးပင် ဩဂုတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နီနီဝင်းမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သိသင့်သိထိုက်သော ဗဟုသုတရဖွယ် အကြောင်းအရာများအား ဟောပြောခဲ့ပြီး ကျောင်းသားကျောင်းသူများက လူထူအခြေပြုဗဟိုဌာန (Community Centre)၌ ပြသထားသော စာအုပ်စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်တို့အား စိတ်ဝင်တစားကြည့်ရှုခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများ စာဖတ်စွမ်းရည် တိုးတက်လာစေရန်အတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲ ဆက်လက်ကျင်းပခဲ့ပြီးဆုများ အသီးသီးချီးမြှင့်ခဲ့ ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)