ကွန်ဟိန်းမြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

ကွန်ဟိန်း ဩဂုတ် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်း၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးအသိပညာပေးဟောပြောပွဲအား ယနေ့နံနက် ၁၀ နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးကြည်လင်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာအကြောင်းအရာများ အသိပညာပေး ဟောပြောခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းပြည့်စန္ဒီမြင့်က ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး ဟောပြော ခြင်း၊ စည်ပင်သာယာရေးဌာန၊ တာဝန်ခံအင်ဂျင်နီယာ-၂ ဒေါ်ခင်မူယာအောင်က ပလတ်စတစ်သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးအသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ပါသည်။

အဆိုပါ ဟောပြောပွဲအား ပလတ်စတစ်သုံးစွဲမှုလျှော့ချစေရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု ပိုမိုဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ၊ သင်တန်းသူများ စုစုပေါင်း (၆၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)