ဘောဂလိမြို့တွင် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ စာဖတ်ဝိုင်းပြုလုပ်

ဘောဂလိ ဩဂုတ် ၁၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် လူငယ်များအနေဖြင့် စာဖတ်သည့် အလေ့အကျင့်များ ရရှိလာစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ (Book Club အသင်း)တို့ ပူးပေါင်း၍ စာရေးဆရာ ခင်မောင်အေး ရေးသားသည့် “လူရယ်လို့ဖြစ်လာလျှင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို  ယမန်နေ့မွန်းလွဲပိုင်းက ဘောဂလိမြို့ ပြည်သူ့စာကြည့်တိုက်၌ ဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်ကြည်ကြည်ခိုင်က လူငယ်လူရွယ်များအနေဖြင့် အသိပညာဗဟုသုတ တိုးပွားလာစေရန်အတွက် စာဖတ်သည့် အလေ့အကျင့်များကောင်းကို မွေးမြူကြရန်၊ စာဖတ်ခြင်းဖြင့် ရရှိလာသည့် အကျိုးကျေးဇူးများနှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော စာအုပ်စာစောချစ်မြတ် နိုးသူများအသင်း Book Club အဖွဲ့ဝင်များက စာရေးဆရာ ခင်မောင်အေး ရေးသားထားသည့် “လူရယ်လို့ဖြစ်လာလျှင်” စာအုပ်အား လူတစ်ယောက်၏ အလုပ်သင်ဘဝအကြောင်း၊ ဘဝအတွက် တဖြည်းဖြည်း တိုးတက်လာရမည့် အချက်များ၊ ကြိုတင်ပြင်ဆင်ရမည့် အချက်များ၊ အောင်မြင်ချင်စိတ်ရှိခြင်း၊ လူမှုရေးစိတ်ဓါတ်များ၊ ကိုယ်ကျင့်စရိုက်များကို သိရှိခြင်း၊ ဘဝအတွက် လှုပ်ရှားမှုနှင့်ကျန်းမာရေး စသည့် အချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ဘောဂလိ(ပြန်/ဆက်)