ရေကြည်မြို့နယ် ငဝန်မြစ်အတွင်း ငါးသားပေါက်ကောင်ရေ ငါးသိန်း ငါးမျိုးစိုက်ထည့်
ရေရှည်စဉ်ဆက်မပြတ် ငါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသအတွင်း ငါးရိက္ခာဖူလုံစေရန်နှင့် ငါးသယံဇာတများ တိုးပွားစေရန် ရည်ရွယ်၍ ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးများ စိုက်ထည့်ပေးလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝရေပြင် ငဝန်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီ အချိန်က ငါးသိုင်းချောင်းမြို့ ရှေ့ဆောင်ရပ်ကွက်သောင်ရွာကူးတို့ ဆိပ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။