မဟာအောင်မြေမြို့နယ်၊ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

မဟာအောင်မြေ ဩဂုတ်  ၁၈

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  အမှတ်(၃) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက်(၁၁)နာရီက ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲကို ကျောင်းသား/သူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်များ၊ အသိပညာဗဟုသုတများ တိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြိုင်ပွဲများ  ဆောင်ရွက်ပေးရခြင်းဖြစ်ပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရ ကျောင်းသား/ သူများအား ဦးစီးအရာရှိ ဦးဘိုဘိုဟန်က ဆုများအသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း