ရပ်စောက်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် သံချဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် သံချဆေးများ တိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရသေ့တောင်မြို့နယ်တွင် မုန်တိုင်းအန္တရာယ် သတိပေးချက်များအား လှည့်လည် ကြေညာ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းအန္တရာယ် သတိပေးချက်များအား လှည့်လည်ကြေညာခြင်း ကို ယနေ့ နံနက် ၁၀နာရီက မြို့ပေါ်ရပ်ကွက်များနှင့် ရွှေပြည်တန် အမြန်ယာဉ်ဆိပ်၊ သင်္ဘောဆိပ်၊ ဘုတ်ဆိပ်များတွင် လှည့်လည်ကြေညာ​​ကြသည်။

လားရှိုးမြို့တွင် လူကုန်ကူးမှုအသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံး၊ Community Centre ရှိ ဘက်စုံသုံးခန်းမတွင် ယနေ့မွန်းလွဲ (၁)နာရီအချိန်က အမှတ်(၁၆)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စု(လားရှိုး)နှင့်“လူကုန်ကူးမှုအသိပညာပေးဆွေးနွေးပွဲ Talk Show”  ရိုက်ကူးခဲ့ကြောင်း သိရသည်။

ဟိုပန် လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အမျိုးသမီးများဘဝဖွ့ံဖြိုးတိုးတက်စေရေးနှင့် စာအုပ်၊ စာပေများအား လေ့လာဖတ်ရှု့မှုပိုမိုများပြားလာပြီး အသိပညာဗဟုသုတများရရှိကြစေရန်တို့ကို ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီက ဟိုပန်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

မအီမြို့တွင် ကျောင်းသား/ကျောင်းသူများအား သန်ကောင်ရောဂါ မဖြစ်ပွားစေရေး သန်ချဆေးများ တိုက်ကျွေးပေး      

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ အာဟာရ ရက်သတ္တပတ်အနေဖြင့် မအီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသူ/ကျောင်းသားများအား  သန်ချဆေးများ တိုက်ကျွေးပေးလျက်ရှိရာ ဩဂုတ် လ(၁၆)ရက်နေ့ နံနက်ပိုင်းက မအီမြို့၊  အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသူ/ကျောင်းသားများအား တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ဒိုက်ဦးမြို့နယ်၌ သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဒိုက်ဦးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးလုပ်ငန်းများရေရှည်စဉ်ဆက်မပြတ် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးရိက္ခာဖူလုံစေရန်နှင့် ငါးသယံဇာတများတိုးပွားလာစေရန် ရည်ရွယ်၍ သဘာဝရေပြင်အတွင်းသို့ ဒုတိယအကြိမ် ငါးမျိုးစိုက်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန် က နတ်ကင်းကျေးရွာ၊ ဦးပွတံတား၌ ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းနက်​ကျေးရွာ၌ မြစိမ်း​​ရောင်​ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) မိတ်ဆက်ရှင်းလင်းခြင်း နှင့် ​ကော်မတီဖွဲ့စည်းခြင်း ​ဆောင်ရွက်

မ​ကွေးတိုင်း​ဒေသကြီး၊ နတ်​မောက်မြို့နယ် ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်တွင် ​အ​ကောင်အထည်​ဖော်​ဆောင်ရွက်မည့် မြစိမ်း​ရောင်​ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ​ကော်မတီဖွဲ့စည်းခြင်းအခမ်းအနားကို ​ချောင်းနက်​ကျေးရွာ၊ ရွာဦးဘုန်း​တော်ကြီး​ကျောင်း၌ ၌ ယ​နေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့​သည်။
Subscribe to