အင်္ဂပူ သြဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ဦးတင်ဦး ဘိုးဘွားရိပ်သာ၌ ယနေ့ နံနက်က အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ခြင်း၊ အာဟာရကျွေးမွေး လှူဒါန်းခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဦးတင်ဦးဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွား (၉)ဦးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာဌေးနှင့် အဖွဲ့ဝင်များက မုန့်နှင့်အအေးများ လှူဒါန်းခဲ့ကြသည်။ ထို့နောက် အဘိုးအဘွားများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာစည်သူကျော်နှင့် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုအပ်သည်များ ကူညီဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)