ချောင်းသာ သြဂုတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်-ချောင်းသာ ကားလမ်းမကြီးပေါ်ရှိ ချောင်းသာမြို့ အနီး မိုင်တိုင် ၂၆ နှင့် ၂၅ မိုင် ၇ ဖာလုံကြား ကားလမ်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက မိုးရွာသွန်းမှုများပြားပြီး တောင်ကျရေ ကျဆင်းမှုကြောင့် ကားလမ်းမပေါ် ရေ (၁)ပေကျော်ခန့် မြင့်တက်ခဲ့ကြောင်း သိရသည်။
ကားလမ်းရေကျော်မှုကြောင့် မော်တော်ယာဉ်သွားလာမှုများအား ယာယီဖြတ်သန်းသွားလာမူ ရပ်တန့်ထားပြီး ချောင်းသာမြို့ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများနှင့် လမ်းဦးစီးဌာန အဖွဲ့များ ပူးပေါင်း၍ လမ်းကြောင်းပြသတိပေး အလံများစိုက်ထူထားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ တောင်ကျရေကျဆင်းပြီး ကားလမ်းရေကျော်မှုကြောင့် မော်တော်ကား၊ သုံးဘီးယာဉ်၊ ဆိုင်ကယ်စသည့် ယာဉ်များအား ဖြတ်သန်းသွားလာမှု ယာယီပိတ်ထားခြင်းအား မိုးရွာသွန်းမှုနှင့် တောင်ကျရေလျော့နည်းပြီး ရေပြန်ကျလျှင်ကျခြင်း ဖြတ်သွားလာခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)