ကရသူရိ ဩဂုတ်လ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား/သူများအား ပုံပြောပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့ ညနေ(၃)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲကို ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိပြီး ဉာဏ်ရည်/ ဉာဏ်သွေးမြင့်မားစေရန်နှင့် ထက်မြက်သည့် အနာဂတ်သားကောင်းရတနာများ ပေါ်ထွန်းစေရေး ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း မြို့ဦးစီးမှူးဒေါ်အေးအေးသန်းက ပြောကြားသည်။ ထို့နောက် အခြေခံပညာ အထက်တန်းကျောင်းမှ မူလတန်းနှင့်အလယ်တန်းအဆင့်ကျောင်းသား/သူများက မိမိကြိုက်ရာ ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ကြရာ အကောင်းဆုံးဆုရရှိသူများကို မြို့ဦးစီးမှူးက မေတ္တာလက်ဆောင် ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ခြင်းသည် ပြည်သူ့စာကြည့်တိုက်သို့လာရောက်သည့် ကလေးငယ်များနှင့် ကျောင်းသား/သူများကို စာကြည့်တိုက်မှအသိပညာဗဟုသုတများ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပြီး ကဗျာရွက်အစီအစဉ်၊ ဂိမ်းကစားခြင်း၊ ဆေးရောင်ခြယ်၊ ပူးဖောင်းညှပ်နှင့် ကလေးများစိတ်ဝင်စားမည့် ကစားနည်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကရသူရိပြန်/ဆက်