နမ့်ဆန် ဩဂုတ် ၂၄
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပလပ်စတစ်အန္တရာယ် အသိပညာပေး Talk Show ကို ယမန်နေ့ နေ့လည်(၁)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် နမ့်ဆန်ဒေသရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက ပလပ်စတစ်၏ ဆိုးကျိုးအန္တရာယ်များ၊ ပလပ်စတစ်အန္တရာယ်ကြောင့် ဖြစ်စေတတ်သောရောဂါများ၊ ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က ပလပ်စတစ်ကို စနစ်တကျသုံးစွဲမှုခြင်းဖြင့် ဆိုးကျိုးအန္တရာယ်များကိုကာကွယ်ရန်၊ ပလပ်စတစ်သုံးစွဲမှုကို လျော့ချရမည့်နည်းလမ်းများ အစရှိသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။
နမ့်ဆန်ဒေသရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး Talk Show အပါအဝင် ပြည်သူများ အသိပညာဗဟုသုတရရှိစေမည့် ပုံပြော၊ ကဗျာရွတ်၊ စက္ကူခေါက်၊ စာအုပ်မိတ်ဆက်နှင့် အခြားအသိပညာပေးအစီအစဉ်များကိုလည်း ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိပါကြောင်း သိရပါသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)