သာစည် ဩဂုတ် ၂၄
မန္တလေးတိုင်းဒေသကြီး သာစည်မြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာ သင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲများ၌ ဂုဏ်ထူးဖြင့်အောင်မြင်သူများနှင့် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ်တွင် KG မှ Grade- 10 ထိ အတန်းအလိုက် ပညာရည်ချွန်ဆုရရှိသူများအား ဆုချီးမြှင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပကျောင်းသူရိယခန်းမ၌ ပြုလုပ်ခဲ့သည်။
ဆုချီးမြှင့်ပွဲ၌ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြင့်ကျော်က အမှာစကားပြောကြားပြီး ကျောင်း အုပ်ဆရာမကြီးဒေါ်လဲ့လဲ့စိမ်းက ပညာရည် ချွန်ဆုများ ချီးမြှင့်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး အလယ်တန်းပြဆရာ ဦးအောင်စိုးဦးက မိဘဆရာ အသင်းရန်ပုံငွေရှင်းလင်းခြင်းနှင့် အလှူရှင်စာရင်းကို ဖတ်ကြားပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းတက်မှန်သူ ဆရာမများနှင့် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် လူငယ်စာစီစာကုံးပြိုင်ပွဲ (မြန်မာဘာသာ)တိုင်းအဆင့် ပထမဆုရ မူလတန်းပြဆရာမ ဒေါ်အေးမြ ကြည်ဦးတို့အား ဆုများချီးမြှင်သည်။ ထို့နောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ လေးဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ တစ်ဦး၊ နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ နှစ်ဦး၊ တစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူခြောက်ဦး၊ ၂၀၂၁-၂၀၂၂ ပညာသင် နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ တစ်ဦး၊ တစ်ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သူ ၁၉ ဦး၊ ၂၀၂၁ -၂၀၂၂ ပညာသင်နှစ်တွင် KG မှ Grade -10 ထိအတန်းအလိုက် ပညာရည်ချွန်ဆုရရှိသူ ၃၃ ဦးတို့အား ဆုများချီးမြှင့်ခဲ့ကြောင်းသိရသည်။ ဆုချီးမြှင့်ပွဲတွင် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၌ ဒုတိယဆုရရှိသည့်ကျောင်းသူ နှင့်Grade-10 မှ ကျောင်းသူလေးများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရ သည်။
အဆိုပါ ဆုချီးမြှင့်ပွဲသို့ မြို့ပေါ်ရှိအထက်တန်း၊ အလယ်တန်းနှင့်မူလတန်းကျောင်းအုပ်ကြီးများ၊ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆုရကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)