ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအကြိမ် (Second Booster Does) ထိုးနှံပေး
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သုံးကြိမ်ထိုးနှံပြီးသော မြို့နယ်အတွင်းရှိဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း (Second Booster Does) စတုတ္ထအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ပေါက်ခေါင်းမြို့ ပြည်သူ့ဆေးရုံကြီး၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။