ဟိုပုံးမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့ အကြိုစာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ

ဟိုပုံး ဩဂုတ် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့ အကြိုစာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာစီစာကုံးပြိုင်ပွဲတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းဆင့်၊ ကျောင်းသား၊ ကျောင်းသူများက ပန်းချီပြိုင်ပွဲတွင် လူကုန်ကူးမှုတားဆီးရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ကြပါစို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊  အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက စာစီစာကုံးပြိုင်ပွဲတွင် လူကုန်ကူးမှုတားဆီးရေးနှင့်ကာကွယ်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)