ခရမ်း ဩဂုတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ အသိပညာပြန့်ပွား၍ ဗဟုသုတရရှိပြီး မူးယစ်ဆေးဝါးအန္တရာယ်အား ရှောင်လွဲနိုင်ပြီး ထူးချွန်ထက်မြက်သည့် လူငယ်၊ လူတော်လူကောင်းများ ပေါ်ထွန်းလာစေရေးအတွက် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီ က အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေနှင့် အမက ၂ မူလွန် ကျောင်းအုပ်ဆရာမကြီးတို့က မူးယစ်းဆေးဝါးများ အန္တရာယ်အကြောင်း အသိပညာပေး ဟောပြော၍ နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
ကိုမင်း (ခရမ်း)