ကြံခင်း ဩဂုတ် ၂၄
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီး ဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတတ်စေရန်၊ အနာဂတ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်နှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတတ်စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက (အ.ထ.က)မြောင်ကြီး ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်တာဝန်ခံ (နည်းစနစ်မှူး) ဒေါ်ခင်မိုးဝါက လူငယ်နှင့် အားကစားဆိုင်ရာများ၊ လူငယ်နှင့်ခေါင်းဆောင်မှုတို့ကို အသိပညာပေး ပြောကြားပြီးနောက် (အ.ထ.က)မြောင်ကြီးကျောင်း (တာဝန်ခံ) ကျောင်းအုပ်ဆရာကြီး ဦးတိုးတိုးအား အားကစားပစ္စည်းများ ပေးအပ် ခဲ့သည်။
အဆိုပါ လူငယ်ရေးရာဟောပြောပွဲသို့ (အ.ထ.က)မြောင်ကြီးကျောင်း (တာဝန်ခံ) ကျောင်းအုပ်ဆရာကြီး ဦးတိုးတိုး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၄၈၀)ဦး တတ်ရောက်ခဲ့ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ခံ(နည်းစနစ်မှူး) ဒေါ်ခင်မိုးဝါက Fitness Dance အက အားကစားနည်း သင်ကြားပေးခဲ့ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)