ညောင်ဦးမြို့၌ SUBSOILER ဖြင့်ထွန်ယက်ခြင်း တောင်သူပညာပေးသရုပ်ပြပွဲကျင်းပ

ညောင်ဦး  ဩဂုတ်  ၂၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၉၉) စက်မှုလယ်ယာစခန်း၊ ညောင်ဦးမြို့မှ SUBSOILER ဖြင့်ထွန်ယက်ခြင်း တောင်သူပညာပေး သရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲအချိန်က ညောင်ဦးမြို့၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနခြံတွင် တောင်သူပညာပေး သရုပ်ပြအခမ်းအနားကျင်းပခဲ့ကြောင်းသိရသည်။

SUBSOILER ဖြင့်ထွန်ယက်ခြင်း တောင်သူပညာပေးသရုပ်ပြပွဲတွင် ညောင်ဦးမြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးအောင်ဖြိုးမှတက်ရောက်လာသည့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် ကျေးလက်တောင်သူများအား SUBSOILER ဖြင့်ထွန်ယက်ခြင်း အားသာချက်များဖြစ်သည့် Soil Compaction ကြောင့် ကျစ်လျစ်သိပ်သည်းမှု ဖြစ်ပေါ်နေသော မြေလွှာ Hardpan များကိုထိုးခွဲနိုင်ခြင်းကြောင့် မြေလွှာအတွင်းသို့ ရေကောင်းစွာစိမ့်ဝင်နိုင်ခြင်း၊ Hardpan ကိုထိုးခွဲနိုင်ခြင်းကြောင့် ဒုံပေါက်မှု ပြဿနာကို ကာကွယ်ထိန်းသိမ်းနိုင်ခြင်း၊ မြေဆီလွှာအတွင်း အမြစ်များအလွယ်တကူထိုး ဖောက်ဝင်ရောက်ကြီးထွားနိုင်ခြင်း၊ Hardpan အလွှာအောက်မှ အစိုဓာတ်အား အပေါ်ယံ မြေဆီလွှာမှ စုပ်ယူရရှိနိုင်ခြင်း၊ အောက်စီဂျင်နှင့် နိုက်ထရိုဂျင် လုံလောက်စွာရရှိခြင်းကြောင့် အပင်များရှင်သန်ကြီးထွားမှုကိုပိုမိုကောင်းမွန်စေ ခြင်းများ SUBSOILER ဖြင့်ထွန်ယက်ခြင်း အားသာချက်များကို ရှင်းပြပေးရာ တက်ရောက်လာသည့် ကျေး လက် တောင်သူများမှသိရှိလိုသည်များအား မေးမြန်းရာ မြို့နယ်ဦးစီးဌာနမှူး ဦးအောင်ဖြိုးမှ ရှင်းပြပြန်လည်ဆွေးနွေးပေးသည်။

SUBSOILER ဖြင့်ထွန်ယက်ခြင်း တောင်သူပညာပေးသရုပ်ပြပွဲသို့ ညောင်ဦးခရိုင်၊ စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးဌာနမှူး ဦးဝင်းသိန်း၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး  ဦးအောင်ဖြိုးနှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာ များ၊ ကျေးလက်တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ