ဖျာပုံမြို့ အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်းတွင် လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖျာပုံမြို့နယ် အားကစား နှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း ၍ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီခွဲ အချိန်က ဖျာပုံမြို့ အမှတ်(၁၉) ရပ်ကွက်၊ အမှတ်(၂) အခြေခံပညာ အလယ်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်သည်။