ကျွန်းလှမြို့နယ်၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ဆက်လက်ထိုးနှံ၊ တိုက်ကျွေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာနတွင် ယနေ့နံနက်ပိုင်းက ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးဆက်လက်ထိုးနှံ၊ တိုက်ကျွေးကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။