စဉ့်ကူးမြို့၌ ဝါတွင်းကာလ ဥပုသ်နေ့တွင် သံဃာတော်များနှင့် သီလရှင်များအား ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ​

စဉ့်ကူး    ဩဂုတ်   ၂၅

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ဝါတွင်းကာလအတွင်း သံဃာတော်များနှင့် သီလရှင်များအား တတိယအကြိမ် ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၆ နာရီက ပြုလုပ်ခဲ့သည်။

ဆွမ်းလောင်းလှူပွဲတွင် စဉ့်ကူးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက် (၁၆) တိုက်တွင် ဝါတွင်းသီတင်းသုံးတော်မူသည့် သံဃာတော် (၉၃) ပါးနှင့် သီလရှင် (၁၃) ပါးတို့အား ဧရာအောင် မြေလမ်းမကြီးတစ်လျှောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များက ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါ ဆွမ်းလောင်းလှူပွဲသို့ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ၊ စေတနာရှင်ပြည်သူများ စုစုပေါင်း အင်အား (၇၀) ဦး ပါဝင်လှူဒါန်းခဲ့ကြပြီး ထိုသို့ ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူခြင်းကို ဝါတွင်းကာလအတွင်း ဥပုသ်နေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင်ဇာလွင်(ပြန်/ဆက်)